Tuesday, February 19, 2008

ချိန်ခါဆည်းဆာ

  • တော်ကြာခိုရောင်၊ တော်ကြာ ညိုမှောင်။
  • တော်ကြာ ၀ါစိမ်း၊ တော်ကြာ ပြရှိန်း။
  • တော်ကြာ နီလာသွေး၊ တော်ကြာ ကတ္တီပါပြေး။
  • တော်ကြာ ပုလဲရောင်ဆမ်း၊ တော်ကြားမဲမှောင်သန်း။

  • ဖြန့်မိုးကာဆီး ၊ကောင်ကင်ထီးတွင်

လေလည်းမငြိမ်၊ တိမ်မငြိမ်ဘဲ

နေမှိန်ညချမ်း၊ရောင်စုံလွှမ်းကာ

ပရမ်းပတာ၊ ပုံရိပ်ဖြာပြီး

ဆည်းဆာသရုပ်၊ အမြင်ရှုတ်

ကသုတ်ကရက်ပါတကား။

  • ပင်လယ်ပြာပြာ ၊ မိုးပြာပြာနှင့်

သာယာချမ်းမြေ့၊ ရှုမ၀သည့်

အလှတည်ငြိမ်၊ ဆည်းဆာချိန်တွင်

ရွှင်ကြည်နှစ်လို ၊ငံ့လင့်ကြို --------------------------------

1 comments:

ပပ၀တီ said...

မကြိုက်ရင်လည်း ပြင်လို့ရပါတယ်။
နမှုနာ အနေဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး
ကြိုက်နှစ် သက်ရာ ကိုလွတ်လပ်စွာ ဖန်တီးပါ
သို့မဟုတ် အခြားလင့် တစ်ခုယူပြီး ဖန်းတီးလိုက်ပါ