Sunday, September 28, 2008

ပြောပြချင်တဲ့ ပုဂံ ခရီး(၂၀၀၈-မတ်လ)

မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်လို့ ခဏခဏ ပြောဖူးပေမဲ့

၂၀၀၈ ရောက်မှပဲ ပုဂံကို ရောက်ခဲ့ပါတယ်-

ညီထွဋ်တို့ သီချင်းထဲမှာရော-

တီဗွီတွေထဲမှာရော မြင်ဖူးနေတာပဲ-

ဘာထူးဆန်းတာမှတ်လို့ လို့ မတွေးစေချင်ဘူး-

တကယ်လှတယ်-

ကိုယ် ကိုယ်တိုင်ရောက်သွားလို့ ရင်ခုန်ရတဲ့ အရသာ က ဘာနဲ့မှကို မတူတာ-

အခုရေးနေရင်းကို နောက်ထပ်တစ်ခေါက်ထပ်သွားချင်မိတုံး-

သိပ်ပြီး သဘောကျလွန်းလို့

လှူပ်လှူပ်ခတ်ခတ် ဖြစ်နေလို့ နင်က ပုဂံရာဇ၀င်နဲ့ အဆက်ရှိတာဖြစ်မယ် လို့တောင်

သူငယ်ချင်းတွေက ပြောကြတယ်-

မရောက်သေးတဲ့ သူတွေကို တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ် သွားကြည့်စေချင်လို့

ရေးဖြစ်သွားတာ-

တည်းခိုစရာလည်း စိတ်ပူစရာမလို-

သူ့ဈေးနဲ့ သူ ၀န်ဆောင်မှု အပြည့်နဲ့

သွားဖို့လည်း ကိုယ်သွားချင်တဲ့ ပုံစံ ကိုယ့်စိတ်ကြိုက်စီစဉ်ရုံပဲ-

တစ်ခုထည့်စီစဉ်စေချင်တာက

သွားတဲ့အခါ ရှင်းပြနိုင်တဲ့ သူတစ်ယောက်ပါရင် ပိုအဆင်ပြေတယ်ဆိုတာကိုပါပဲ-

စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေက ပုဂံရာဇ၀င်ကို အသက်ဝင်စေသလိုပဲ-

သိပ်ကိုတန်ဖိုးရှိတဲ့ မြန်မာ့ အနူပညာလက်ရာတွေ-

တန်ဖိုးမသိတဲ့ သူတွေကြောင့် ပျက်စီးကုန်တာတော့ နှမြောစရာပါပဲ-

၂၀၀၈ ရဲ့ ပထမဆုံးခရီးစဉ်က ရွှေစက်တော်-မင်းဘူး-စက္ကတဲ-မကွေး-ညောင်ဦး-ပုဂံ-

အဲဒီ ခရီးစဉ်ထဲကမှ ပုဂံ အကြောင်း-

Saturday, September 20, 2008

18-9-2008

ခွင့်လွှတ်စေချင်ပါတယ်-

ကျမရဲ့ Blog လေးကို ပစ်ထားမိသလိုမျိုးဖြစ်ခဲ့လို့-

တကယ်တော့ အဲဒီလိုမျိုး မဟုတ်ခဲ့ပါဘူး-

အကြောင်းအမျိုးမျိုးကြောင့် နေ့တိုင်းအတူမရှိနိုင်ရုံနဲ့

ဝေးနေကြတယ်လို့ ပြောလို့မှမရတာနော်-

ကိုယ့် သားသမီး ကို မချစ်တဲ့ မိခင်ရယ်လို့ လောကမှာမရှိဘူးမဟုတ်လား-

ကျမ Blog ဟာ ကျမရဲ့ ကလေးပါပဲ-

ကျမရဲ့ မေတ္တာတွေနဲ့ အမြဲနွေးထွေးနေမဲ့ ကလေးလေးကို

ဘယ်လိုအကြောင်းနဲ့မှမနာကျင်စေချင်ခဲ့ဘူး-

ကျမ ၀မ်းနည်းနေတာလဲလည်း မသိစေချင်-

စိတ်ဓာတ်တွေ ဖရိုဖရဲဖြစ်နေလည်း မမြင်စေချင်ဘူး-

အမြဲတမ်း တက်တက်ကြွှကြွှနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့-

ပုံရိပ်တွေပဲ ချန်ထားခဲ့ချင်တာလေ-

အခု-

အားလုံးပုံမှန်ဖြစ်အောင် စိတ်ကိုဆင်ခြင် ပြင်ဆင်ပြီးသွားပြီ-

သူများကို တစ်ခုခုပေးချင်ရင် -

ကိုယ့်မှာ အရင် ရှိအောင်ကြိုးစားရမယ်မဟုတ်လား-

ကျမလေ-

ဟိုးငယ်ငယ်လေးကတည်းက-

လူတွေကို စိတ်ချမ်းသာဖို့ တစ်ခုခု လုပ်ပေးချင်တဲ့ ဆန္ဒရှိခဲ့တာ-

ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ပါ။

သဘောကျမိတာမို့ မျှဝေတာပါ။

ဆန်းလွင်--------------သစ္စာဥာဏ်ပွင့်ဒဿန

ယုံကြည်အားကိုးစွာ

မက်မောတွယ်တာခဲ့ရသော အရာတို့သည်

ဖောက်ပြန်ခြင်း အမူအရာကို

ရဲတင်းစွာ ကြေငြာ၍

တွယ်တာသူအား ရက်စက်ခြင်းဖြင့်

ဣနြေ္ဒ မဲ့စွာ

အချည်းနှီး တန်ဖိုးမဲ့ကို ပြုလျက်

ကျောခိုင်းကြကုန်၏။

------------------------------

လှည့်စားခြင်း ပါစေကာမူလည်း

ကြည်နူးခြင်း ရင်မှာ ဖြစ်ရသောအခါ

ထို လှည့်စားတတ်သော အရာများကို

အပြစ်တင်လိုသော ဆန္ဒ မရှိကြသော

ဤ လောက အလယ်ဝယ်

စိတ်ကို ဆင်းရဲခြင်းမှ လွတ်မြောက်စေသော

ဘ၀ကို မောပန်းခြင်းမှ ပြေပျောက်စေသော

ပတ်ဝန်းကျင်၏ ကြမ်းတမ်းခြင်းကို

မေ့လျော့ခြင်းဖြင့် မျက်ကွယ်ပြုပေးသော

စိမ်းလန်းသော အိပ်မက်တွင် ယစ်မူးစေသော

ရွှင်လန်းခြင်းကို ပေးကမ်းတတ်သော

အတွေ့အကြုံ မှန်သမျှကို

လှည့်စားနေမှန်း သိလျက်

လူတို့ နှစ်ခြိုက် ကျေနပ်ကြပါသည်။

အမှတ်တရ

· အမှတ်တရ

· ခေတ္တခဏ ဆုံတွေ့ကြ၍

အတူတကွ ရှိကြချိန်တွင်

ပျော်ရွှင်စုစည်း

လှုပ်ရှားဖူးသည်

အမှတ်တရများစွာ ရတနာ။

· ခွဲချိန်တန်လို့ ပြန်ရတော့လည်း

မချိနှလုံး ဟန်ဆောင်ပြုံးနဲ့

လွမ်းမောဝေသီ

နူက်ဆက်ဖူးသည်

အမှတ်တရများစွာ ဝေဒနာ။

· ဘ၀တစ်ကွေ့ ခဏတွေ့လည်း

ပြန်လည်ဆုံဆည်း

ရင်းနှီးပျော်ရွှင်

ကြည်နူးချင်သည်

ဆန္ဒများစွာ မရေရာ။ ။

(၁၉၉၅ ခုနှစ် မေဂျာမောင်နှမ သူငယ်ချင်းအားလုံးအတွက်)