ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ပါ။
သဘောကျမိတာမို့ မျှဝေတာပါ။
ဆန်းလွင်--------------သစ္စာဥာဏ်ပွင့်ဒဿန
ယုံကြည်အားကိုးစွာ
မက်မောတွယ်တာခဲ့ရသော အရာတို့သည်
ဖောက်ပြန်ခြင်း အမူအရာကို
ရဲတင်းစွာ ကြေငြာ၍
တွယ်တာသူအား ရက်စက်ခြင်းဖြင့်
ဣနြေ္ဒ မဲ့စွာ
အချည်းနှီး တန်ဖိုးမဲ့ကို ပြုလျက်
ကျောခိုင်းကြကုန်၏။
------------------------------
လှည့်စားခြင်း ပါစေကာမူလည်း
ကြည်နူးခြင်း ရင်မှာ ဖြစ်ရသောအခါ
ထို လှည့်စားတတ်သော အရာများကို
အပြစ်တင်လိုသော ဆန္ဒ မရှိကြသော
ဤ လောက အလယ်ဝယ်
စိတ်ကို ဆင်းရဲခြင်းမှ လွတ်မြောက်စေသော
ဘ၀ကို မောပန်းခြင်းမှ ပြေပျောက်စေသော
ပတ်ဝန်းကျင်၏ ကြမ်းတမ်းခြင်းကို
မေ့လျော့ခြင်းဖြင့် မျက်ကွယ်ပြုပေးသော
စိမ်းလန်းသော အိပ်မက်တွင် ယစ်မူးစေသော
ရွှင်လန်းခြင်းကို ပေးကမ်းတတ်သော
အတွေ့အကြုံ မှန်သမျှကို
လှည့်စားနေမှန်း သိလျက်
လူတို့ နှစ်ခြိုက် ကျေနပ်ကြပါသည်။
0 comments:
Post a Comment