Sunday, October 5, 2008

သူငယ်ချင်း

၃-၁၀-၂၀၀၈

အထက်တန်းကျောင်းသူဘ၀တုံးက ဆရာ က ပြောပါတယ်-

ဒီအချိန်မှာသာ သူငယ်ချင်းတွေကို ရနိုင်ပြီး အသက်တွေကြီးလာတာနဲ့အမျှ -

သူငယ်ချင်းဆိုတာ မရနိုင်-မရှိနိုင် တော့ဘူး-

သိပ်ကံကောင်းမှ မိတ်ဆွေတွေ ရနိုင်တော့မယ်- လို့ ပြောပါတယ်-

အဲဒီအချိန်က သိပ်နားမလည်ခဲ့ပေမဲ့-

အသက်ကြီးလာတာနဲ့အမျှ -

ဆရာပြောတာ သိပ်မှန်တာပဲလို့ တွေးမိပါတယ်-

နင် နဲ့ ငါ နဲ့ ပြောလို့ရတဲ့ သူတွေ ပိုနည်းလာလေလေ-

ငယ်သူငယ်ချင်းတွေကို လွမ်းဆွတ်မိပါတယ်-

ကိုယ့်လမ်း ကိုယ်လျှောက်နေကြရတဲ့ ဘ၀ထဲမှာ-

ဒီလိုပဲ- ကိုယ့်ကိုလည်းမေ့လျော့နေလောက်ပြီလို့ထင်မိပေမဲ့

မှတ်မှတ်ရရ -

(၉/၁၀) နှစ်လောက်ရှိမယ်ထင်တယ်-

အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းဆီက မထင်မှတ်ပဲဖုန်းဝင်လာတာ-

ကျမဆီမှာ မနက်ခင်း-

သူ့ဆီမှာ ည-

အင်တာနက်ကျေးဇူးကြောင့်-

G-mail ပေးလိုက်ပြီးဆက်သွယ်လိုက်ရုံနဲ့-

အဆက်အသွယ်လုပ်လို့ ရသွားခဲ့ပြီး-

သိပ်လှတဲ့ ရှုခင်းပုံတွေကို ကျမBlog မှာသုံးဖို့ ဆိုပြီးပို့ပေးထားလို့မျှဝေလိုက်ပါတယ်-

ဆုံဆည်းကြတဲ့ အချိန်ကာလလေးတွေဟာ တကယ့်ကိုတိုတောင်းလွန်းလှပါတယ်-

အဆင်ပြေပြေနဲ့ ကုန်လွန်သွားခဲ့တဲ့ အချိန်တွေ-

အဆင်မပြေစွာနဲ့ ဖြတ်ကျော်ရတဲ့အချိန်တွေ-

အခုရောက်နေတဲ့ အချိန်ကနေပြန်လှည့်ကြည့်တော့

တကယ့် အခိုက်အတန့် ကာလလေးတွေပါပဲ-

ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ လူတွေ-

တစ်ချို့ဆို တစ်ဘ၀လုံး ဘယ်တော့မှ ကွဲကွာသွားလိမ့်မယ်လို့ -မထင်မိပေမဲ့-

အခု သူတို့တွေ ဘယ်မှာရှိမှန်း၊ ဘာတွေလုပ်နေမှန်းကို -

မသိရတဲ့ အခြေအနေမျိုးတွေလည်းကြုံရပါတယ်-

အတူရှိနေတဲ့ အချိန်တိုတိုလေးမှာ ချစ်ချစ်ခင်ခင် နေကြဖို့ -

မေတ္တာထားနိုင်ကြစေဖို့-

ဒီလိုနဲ့ ---ဝေးကြကြာလျှင်----

1 comments:

Unknown said...

သူငယ်ချင်းရေ
ကျေးဇူးပါ