၁၃-၁၀-၂၀၀၈
မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ပါ-
ဝါတွင်း(၃)လ မှာ ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်ဘယ်နှစ်ရက်ရသလဲဆိုတဲ့-
စစ်တမ်းကောက်ကြည့်ရင်တော့-
ရှက်စရာကောင်းမဲ့ အဖြေတစ်ခုရမယ်ထင်တယ်-
တခြားဘာသာဝင်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင်လေ-
ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာတရားအပေါ်မှာ-
သက်ဝင်ယုံကြည်မှု၊ လေ့လာလိုက်စားမှုအားနည်းလွန်းတယ်-
အပြစ်ပြောနေတာမဟုတ်ပါဘူး-အပြစ်တင်တာမဟုတ်ဘူး-
အားမရတာလေ-
တခြားဘာသာဝင်တွေဆို-
ငယ်ငယ်ကတည်းက ဘုရားကျောင်းမှန်မှန်တက်နေတာ-
ဥပုသ်ရက်ရှည်ဆိုလည်း လနဲ့ချီပြီးဝင်နိုင်ကြတာတွေ့ရတယ်လေ-
ကျမ တို့ ဗုဒ္ဓဘာသာဝင်တွေဟာ တရားကို လေးလေးနက်နက်-
နှစ်နှစ်ကာကာခံစားတတ်ဖို့-
တိုက်တွန်းချင်တာ-
ဒုက္ခတွေက လွတ်မြောက်အောင် ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပဲ-
ကိုယ့် ဘာသာ ကိုယ်ကြိုးစားရင်ရနိုင်တဲ့-
အခွင့်အရေး-ရှိနေတာ-
ရခဲတဲ့ လူ့ဘ၀ရောက်တုံး ကျမတို့ ဘာတွေလုပ်ကြမလဲ-
စီးပွားရှာကြရုံလောက်လား-
ငြင်းခုံ ရန်ဖြစ်နေကြရုံလား-
ကျမတို့ ဘုရားအဆူဆူနဲ့ လွဲခဲ့ကြတာဘယ်ဘ၀တွေ ရောက်နေလို့လဲ-
ကုသိုလ်ကောင်းလာလို့ -
အသားတွေ- အသွေးတွေ- မရေမတွက်နိုင်အောင်ပေးဆပ်ခဲ့ကြရပြီး-
ကြွေးကျေလို့ ဒီနေ့-ဒီလိုအချိန် ဗုဒ္ဓသာသနာနဲ့ ကြုံရတာ-
ကျမတို့ ဟာ မိဘတွေဆီက-
ရခဲတဲ့ ရတနာကို လွယ်လွယ်ကူကူရခဲ့လို့-
တန်ဖိုးမသိဖြစ်နေတာလား-
ဒါပေမဲ့-
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်ရုံနဲ့ -
ဒီဘ၀ ကို စွန့်ခွာရရင်-
ကောင်းရာသုဂတိရောက်ဖို့ မလွယ်ဘူး-
တရား နဲ့ နေပါလို့ပြောရင်-
လူတွေက လောကီရေးရာတွေ-
အားလုံး ကို ဆုံးရှုံးရတော့မလိုခံစားပြီး-
နားထောင်ဖို့ ကြောက်ရွံတွန့်ဆုတ်နေတတ်ကြတယ်-
အဲဒီလို မဟုတ်ဘူး-ဆိုတာ သိစေချင်တာပါ-
ဒီရက်ထဲ -
တွေးမိတာက-
ဘ၀ အဓိပ္ပါယ်ဟာ ဘာလဲလို့-
နောက်ဆုံး ပန်းတိုင်ဟာ ဘာလဲ-
အချိန်တန်လို့ သွားရရင်လည်း-
တကယ် အားကိုးနိုင်တဲ့ တစ်ခုခုယူသွားနိုင်စေချင်တာ-
ကိုယ်ရော စိတ်ပါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့-
အောင်မြင်ပျော်ရွှင်တဲ့ဘ၀တွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့-
0 comments:
Post a Comment