18-9-2008
ခွင့်လွှတ်စေချင်ပါတယ်-
ကျမရဲ့ Blog လေးကို ပစ်ထားမိသလိုမျိုးဖြစ်ခဲ့လို့-
တကယ်တော့ အဲဒီလိုမျိုး မဟုတ်ခဲ့ပါဘူး-
အကြောင်းအမျိုးမျိုးကြောင့် နေ့တိုင်းအတူမရှိနိုင်ရုံနဲ့
ဝေးနေကြတယ်လို့ ပြောလို့မှမရတာနော်-
ကိုယ့် သားသမီး ကို မချစ်တဲ့ မိခင်ရယ်လို့ လောကမှာမရှိဘူးမဟုတ်လား-
ကျမ Blog ဟာ ကျမရဲ့ ကလေးပါပဲ-
ကျမရဲ့ မေတ္တာတွေနဲ့ အမြဲနွေးထွေးနေမဲ့ ကလေးလေးကို
ဘယ်လိုအကြောင်းနဲ့မှမနာကျင်စေချင်ခဲ့ဘူး-
ကျမ ၀မ်းနည်းနေတာလဲလည်း မသိစေချင်-
စိတ်ဓာတ်တွေ ဖရိုဖရဲဖြစ်နေလည်း မမြင်စေချင်ဘူး-
အမြဲတမ်း တက်တက်ကြွှကြွှနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့-
ပုံရိပ်တွေပဲ ချန်ထားခဲ့ချင်တာလေ-
အခု-
အားလုံးပုံမှန်ဖြစ်အောင် စိတ်ကိုဆင်ခြင် ပြင်ဆင်ပြီးသွားပြီ-
သူများကို တစ်ခုခုပေးချင်ရင် -
ကိုယ့်မှာ အရင် ရှိအောင်ကြိုးစားရမယ်မဟုတ်လား-
ကျမလေ-
ဟိုးငယ်ငယ်လေးကတည်းက-
လူတွေကို စိတ်ချမ်းသာဖို့ တစ်ခုခု လုပ်ပေးချင်တဲ့ ဆန္ဒရှိခဲ့တာ-
1 comments:
ပပ၀တီလေးရေ..........
အလည်သဘောမျိုးထက်စာရင် ၀င်ရောက်လေ့လာသွားတာပါ။ နာကျင်မှုဖြစ်တိုင်း ဘယ်သူ့ကိုမှ အပြစ်မပြောဘဲ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်တာ အကောင်းဆုံးပါပဲ။
Post a Comment